ပန်းလေးတစ်ပွင့် ပင်ယံမြင့်မှာ
ဝင့်ကြွားထည်ဝါ ပွင့်နေပါလည်း
ကြွေကာနွမ်းကြ မြေသို.ခ၏
မွှေးပျံသင်းကြိုင် ပန်းတစ်ခိုင်သည်
ဝတ်ရည်သောက်သုံး ပျားပိတုန်း၏
စားသုံးပီတိ ကြည်နူးမိလည်း
ပန်းရဲ.နီဂုံး နောက်အဆုံးကား
ကြွေရတာက ဓမ္မတာ
အို....က္ကူထ္တိနွယ်ဝင် ပျိုမေခင် တို.
အလှမာန်တင့် ဘ၀င်မမြင့်နဲ.
ပန်းလေးလိုသာ ကြွေရမှာဟု
အသိ၊အတွေး မမြင်သေးရင်
ရင်လေးပါတယ်..
မိန်ကလေးရယ်.............
ဖိုးချမ်း(PKU)
အရမ်းကောင်းပါတယ်။ကြိုးစားပါအုံး။အားပေးလျှက်ပါ.....
ReplyDeletethank you
ReplyDelete