Welcome To Hnin Nu Aye

Welcome To Phyo Zaw မှလှိုက်လှဲစွာကြိုဆိုပါ၏

Thursday 5 January 2012

အမေ့ ကိုလွမ်းလို....

  အမေသို.......
အဆုံးမရှိတဲ့ အမေ့မေတ္တာ
နှိုင်းတုမရတဲ့ အမေ့ရဲ.အကြင်နာ
ဖြူစင်တဲ့အမေ့ရဲ. စေတနာတွေနဲ.
ဘ၀ဆိုတဲ့လမ်းကြီးကို
သားလျှောက်လှမ်းနေပြီအမေ..
ဘ၀ရှေ.ရေး သားလေးတွေးပြီး
အားလုံးနဲ.ဝေးခဲ့ရတာ
မှတ်မိသေးတယ် အမေရယ်..
အမေ့ကို သားကတော့လို.
နှုတ်ဆက်ချိန်မှာ
သားရဲ.ပါလေးကိုနမ်း လက်ကလေး ယမ်းလို.
လွမ်းမျက်ရည်တွေနဲ.
အမေ့ရဲ.အားပေး စကားသံတွေ
''အားမာန်အပြည့်နဲ. ကြိုးစားစမ်းပါသားရယ်''တဲ့..
အမေ့ရဲ.သား အမေ့စကားတွေ
ပြန်လည်ကြားယောင် နားထောင်ပါတယ် အမေရယ်..
မွေးမြေရပ်ခြား မလေးရှားမှာ
စိတ်အလိုလိုက် သားမမိုက်ပါဘူး
ဇာတိချက်ကြွေ အမိမြေကို
ရင်ဝယ်တမ်းတ လွမ်းလှပါပြီ
ရက်၊လ၊နှစ်တွေ ကြာခဲ့ပေမဲ့
ဘ၀အတွက် ခရီးဆက်ဖို.
ပြန်မလာသေးတာ ခွင့်လွှတ်ပါ အမေ...........

  
                            ဖိုးချမ်း(P K U)

1 comment:

  1. အရမ်းကောင်းပါတယ်။အားပေးနေမယ်နော်သူငယ်ချင်း.....

    ReplyDelete