Welcome To Hnin Nu Aye

Welcome To Phyo Zaw မှလှိုက်လှဲစွာကြိုဆိုပါ၏

Saturday 24 December 2011

တေလာဆွစ်

အမေရိ ကန် တေဂီတကို လွှမ်းမိုးသွားတဲ့ တေလာဆွစ်

[Image]
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက ပြုလုပ်ခဲ့တဲ့ ၃၉ ကြိမ်မြောက် အမေရိကန် တေးဂီတ ဆုများ ပေးပွဲ အခမ်းအနားမှာ၊ ဒီနှစ်ရဲ့ အနုပညာသမားဆု အပါအဝင် ဆုပေါင်း ၃ ဆုကို ရသွားတဲ့ အဆိုတော် တေလာဆွစ် က သူမအဖို့ အင်မတန် ကြီးကြယ်တဲ့ညပါပဲ၊ သူမရဲ့ ကြည်နူးမှုတွေကို အတူတက်ရောက်သူ အကို အော်စတင်နဲ့ အတူ အတိုင်းမသိ ပျော်ရွှင်ခံစားခဲ့ပါတယ်လို့ ဆိုသွားပါတယ်။
[Image]ကျွန်မအကိုလာပြီး ဒါတွေ မြင်သွားရတာ တကယ့်ကို ကြည်နူးမိတယ်။ သူက ကောလိပ်မှာ တချိန်လုံးနေတယ်။ ကျမနဲ့ လုံးဝ တခြားစီပဲ။ ကျမရဲ့ လောကလေးထဲကို တစက္ကန့် လေးလောက် ခေါ်လာပြလိုက်ရတာ ကျမအတွက် တကယ့် အောင်မြင်မှုပါ လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ ဒီလို သူမရဲ့ အကြီးအကျယ် အောင်မြင်မှုရတဲ့ညမှာ ရင်းနှီးတဲ့သူငယ်ချင်း ဆလီနာ ဂိုးမက် ကို တက်ရောက်တဲ့ ပရိဿတ်ထဲမှာတွေ့ ရလို့ သိပ်ပြီး စိတ်လှုပ်ရှား ဝမ်းသာမိတယ်လို့ လည်း တေလာဆွစ်က ပြောခဲ့ပါတယ်

“သူငယ်ချင်းတွေအားလုံး၊ ကျွန်မ မိသားစု၊ ဆလီနာ မင်းတို့ အားလုံးကို ချစ်တယ် လို့ ကျမ စင်မြင့်ပေါ်က ပြောလိုက်တယ်။ ဒါတွေ ကျမ ရင်ထဲ ဦးနှောက်ထဲက အလိုလို ထွက်သွားတာပါ။ ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်မ ဘာပြောရမှန်း တကယ် ရိုးရိုးသားသား မသိတော့လို့ ပါ။” သူမရဲ့ လုပ်ဖော်ကိုင်ဘက်တွေ နဲ့ အကို အော်စတင်ကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားပါတယ်။ ဆု ၃ ခုလက်ခံရယူပြီး စင်မြင့်နောက်ကို ဆင်းလာတဲ့ တေလာဆွစ်ဟာ မယုံကြည်လောက်အောင် စိတ်လှုပ်ရှားခံစားမှုတွေ ဖြစ်နေပါတယ်။
“ဒါဟာ ကျွန်မအဖို့  ကြီးကြယ်တဲ့ညပါ။ ဒါတွေ ဖြစ်ခဲ့တာ မယုံနိုင်စရာပဲ။ ကျွန်မကို ချစ်တဲ့ ပရိဿတ်ကတော့ တကယ့် အံ့သြစရာပဲ။ ၃ ဆုတောင်မှ။ ကောင်းလိုက်တာ။ ကျမက တခုတော့ မျှော်မှန်းထားခဲ့ပါတယ်။ တခုလောက်ရရင်တော့ ဘယ်လောက် ကောင်းမလဲပေါ့လေ။ ဒါဆို အကြီးအကျယ်ပေါ့” လို့  သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
“ဆုတဆုရပြီးတော့ ဒါဟာ အံ့သြသင့်စရာပဲ ဒီညဟာ အကောင်းဆုံးညပေါ့။ နောက်တော့ ဟော နောက်ထပ် တဆု။ ပြီးတော့ အကြီးဆုံးဆုကြီးဖြစ်တဲ့ ဒီနှစ်ရဲ့ အနုပညာသမားဆု၊ ဒါတွေဖြစ်လာခဲ့တာ ကျွန်မအဖို့ မယုံနိုင်စရာပဲ” လို့  တေလာဆွစ်က ပြောခဲ့ပါတယ်။

Images in this post

Select Delete for any image that you want to remove from storage on Picasa Web Albums. Within 24 hours deleted images will no longer appear anywhere in your blog.
Image 1 View
Media buffer
Delete
Image 2 View
Media buffer
Delete

No comments:

Post a Comment